အကျဥ်းချုပ်
Read the full fact sheet- စိတ်သောကဖြစ်စရာ၊ ကြောက်ရွံ့စရာ အဖြစ်အပျက်နောက်ပိုင်း သင့်တွင် ပြင်းထန်သော ခံစားမှု ဖြစ်ပေါ်ခြင်းသည် ပုံမှန်ဖြစ်ပါသည်။ စိတ်သောကဖြစ်စရာဖြစ်ရပ်ဆိုသည်မှာ - တောမီး သို့မဟုတ် ရေကြီးခြင်း သင့်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် အကြမ်းဖက်မှု ယာဥ်တိုက်မှု ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ လက်ရောက်ကျူးလွန်ခံရမှု စိတ်ပျက်ရသော အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဓာတ်ပုံများ၊ သတင်းစာစောင်များ သို့မဟုတ် လူမှုမီဒီယာ အွန်လိုင်းမီဒီယာတင်ပြချက်များကို မြင်တွေ့ခြင်း
- သင်သည် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခံစားမှုပိုင်း နှင့် အပြုအမူပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို ကြုံတွေ့နိုင်သည်။ သို့သော်လည်း သင့်အနေဖြင့် ရင်ဆိုင်ရန်နှင့် ပြန်လည်သက်သာလာရန် လုပ်နိုင်သည့် အရာများစွာရှိပါသည်
- အကယ်၍ ၃-၄ ပတ်ထက်ကျော်လွန်ကာ လက္ခဏာများကို ကြုံတွေ့နေသေးပါက အကူအညီရယူရန် အရေးကြီးပါသည်။
On this page
အကူအညီ ရမည့်နေရာများ
- သင်၏ GP (ဆရာဝန်)
- စိတ်ရောဂါအထူးကု၊ စိတ်ပညာရှင်၊ ဆွေးနွေးတိုင်ပင်သူ၊ လူမှုရေးဝန်ထမ်းကဲ့သို့သော စိတ်ကျန်းမာရေးကျွမ်းကျင်ပညာရှင်
- ဒေသခံ ရပ်ကျေး ကျန်းမာရေးဌာန
- Australian Psychological Society Referral Service ဖုန်း 1800 333 497
- ဖြစ်ရပ်လွန်-စိတ်ဒဏ်သင့်သော စိတ်ကျန်းမာရေးအတွက် Phoenix Australia Centreဖုန်း (03) 9035 5599
- Centre for Grief and Bereavementဖုန်း 1800 642 066
အခမဲ့ စိတ်ဒဏ်ရာအတွက် အထူးအကူအညီ-
- သင်သည် ရာဇဝတ်မှုကျူးလွန်ခံရသူဖြစ်ပါက - victimsofcrime.vic.gov.au/services-for-victims-of-crime-[မြန်မာ] ဝက်ဘ်ဆိုက်ကိုဖတ်ရှုပါ။ Victims of Crime Helpline ဖုန်း 1800 819 817 သို့လည်း ဖုန်းခေါ်နိုင်သည်။ စကားပြန်များ ရနိုင်ပါသည်။
- အကယ်၍ သင့်ကလေးသည် မဲလ်ဘုန်းမြို့တစ်ဝှမ်းရှိ ကလေးထိန်းစင်တာများတွင် ကလေးသူငယ်အပေါ် ကျူးလွန်သည့် လိင်ပိုင်းလက်ရောက်မှု ကျူးလွန်ခံရပါက အခမဲ့ ထိထိရောက်ရောက် အကြံပေး ဖုန်းလိုင်း ၁၈၀၀ ၇၉၁ ၂၄၁ ကိုခေါ်ဆိုနိုင်သည်။ စကားပြန်များ ရနိုင်ပါသည်။
- သင် ယာဥ်တိုက်မှု ဖြစ်ပွားပါက ဆက်သွယ်ရန် Amber Community – ယာဥ်ကျောမတော်တဆဖြစ်ရပ် ပံ့ပိုးမှုနှင့် ပညာရေး ဖုန်း (03) 8877 6900 သို့မဟုတ် 1300 367 797။
သင် အောက်ပါတို့မှ အကြံဉာဏ်ရယူနိုင်သည်-
- Lifeline ဖုန်း 13 11 14
- GriefLine ဖုန်း 1300 845 745
- beyondblue ဖုန်း 1300 22 4636
- NURSE-ON-CALL ဖုန်း 1300 60 60 24 – ကျွမ်းကျင်သူ ကျန်းမာရေးအကြောင်းအချက်အလက်နှင့် အကြံဉာဏ် (၂၄ နာရီ ၇ ရက်) အတွက်ဖြစ်သည်
- သြစတြေးလျ ကလေးအုပ်ထိန်းမှု ဝက်ဘ်ဆိုက် – raisingchildren.net.au
သင် ဤ စိတ်ဒဏ်သင့်မှုနှင့် ပြန်လည်သက်သာရေး အွန်လိုင်း စကားဝိုင်းကိုလည်း နားဆင်နိုင်ပါသည်။
စိတ်ဒဏ်ရာနှင့် ပြန်လည်သက်သာရေးအတွက် သင့်ဘာသာစကားဖြင့် သတင်းအချက်အလက်ကို Health Translations တွင်ဖတ်ရှုပါ။
စိတ်ဒဏ်ရာအပေါ် သင် တုံ့ပြန်နိုင်ပုံ
စိတ်ဒဏ်သင့်မှုအပေါ် သင် တုံ့ပြန်သည့် နည်းလမ်းသည် အောက်ပါတို့အား အခြေခံနိုင်သည်-
- စိတ်ဒဏ်သင့်သော အခင်းဖြစ်ရပ်၏ အမျိုးအစားနှင့် ပြင်းထန်မှုနှုန်း
- သင့်တွင် ယခင် ကြုံတွေ့မှု ရှိခဲ့သည် ဟုတ်/မဟုတ် သို့မဟုတ် လေ့ကျင့်သင်တန်း တက်ရောက်ခဲ့သည် ဟုတ်/မဟုတ်
- သင် တိုက်ရိုက်ပတ်သက်ခဲ့သည် ဟုတ်/မဟုတ် သို့မဟုတ် အခင်းဖြစ်ရပ်ကို ဘေးမှရပ်ကြည့်သူ ဟုတ်/မဟုတ်
- အခင်းဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း သင့်အတွက် ရရှိနိုင်သော စိတ်သက်သာမှုဆိုင်ရာ ပံ့ပိုးမှု ပမာဏ
- သင့်ဘဝတွင် ဖြစ်ပွားလျက်ရှိသော အခြား စိတ်ပျက်စရာကောင်းသည့် အရာများ
- စိတ်ပျက်စရာကောင်းသော ဖြစ်ရပ်အပေါ် သင် ပုံမှန်ရင်ဆိုင်ပုံ
- ယခင် ဖြစ်ပွားခဲ့သော စိတ်ဒဏ်သင့် ကြုံတွေ့မှု တစ်စုံတစ်ရာ
စိတ်ဒဏ်သင့် ဖြစ်ရပ်လွန်မြောက်ပြီးသောအခါ ဖြစ်ရပ်ကိုနားလည်ရန် သင်ကိုယ်တိုင် တွေးဆနေနိုင်သည်။ ၎င်းတွင် အောက်ပါတို့နှင့်ပတ်သက်၍ စဥ်းစားတွေးဆခြင်းများ ပါဝင်နိုင်သည်-
- ဖြစ်ရပ် ဖြစ်ပွားပုံနှင့် ဖြစ်ပွားရခြင်းအကြောင်းရင်း
- သင် ပါဝင်ပတ်သက်ခဲ့ပုံနှင့် ပတ်သက်ခဲ့သည့်အကြောင်းရင်း
- အဘယ်ကြောင့် သင် ဤသို့ခံစားနေရပုံ
- ခံစားနေရသည့် ခံစားနေမှုများက သင် မည်သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ရည်ညွှန်းသည် ဟုတ်/မဟုတ်
- ကြုံတွေ့မှုက လူ့ဘဝအပေါ် သင်၏ခံယူချက် ပြောင်းလဲခဲ့သည် ဟုတ်/မဟုတ် နှင့် မည်သို့မည်ပုံ ပြောင်းလဲခဲ့ကြောင်း။
သင်သည် စိတ်ခံစားချက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ တုံ့ပြန်မှုများကိုလည်း ကြုံတွေ့နိုင်ပါသည်။
စိတ်ဒဏ်သင့်မှုအပေါ် စိတ်ခံစားချက်ဆိုင်ရာ တုံ့ပြန်မှုများ
သင် အောက်ပါတို့ကို ခံစားရနိုင်သည်-
- အလွန် စိတ်ပျက်၊ စိတ်လှုပ်ရှား သို့မဟုတ် ကြောက်ရွံ့မှု
- တစ်စုံတစ်ခု ဖြစ်ပွားတော့မည်ကဲ့သို့ ထိတ်လှန့်မှု
- သင် အန္တရာယ်ရှိနေသည်ကဲ့သို့
- ထုံခြင်း သို့မဟုတ် ထိတ်လှန့်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- မကြာခဏ ပို၍ စိတ်ခံစားမှုနှင့် ဝမ်းနည်းမှု
- အလွန်အမင်း ပင်ပန်းနွမ်းနယ်ပြီး မောပန်းခြင်း
- စိတ်ဓာတ်ကျခြင်း
- မိသားစုနှင့် မိတ်ဆွေများအပါအဝင် အခြားသူများအား ကာကွယ်ပေးခြင်း
- သင် အိမ်မှထွက်မသွားလိုခြင်းကဲ့သို့
- လူများနှင့်နေရာများမှ သင် ရှောင်ထွက်သွားလိုခြင်း သို့မဟုတ် ရှောင်ကြဥ်လိုခြင်းကဲ့သို့
ဤတုံ့ပြန်မှုများမှာ ပုံမှန်ဖြစ်ကြပြီး သင့်အနေဖြင့် ဤတုံ့ပြန်မှု အမြောက်အမြားကို တစ်ကြိမ်တည်းခံစားရနိုင်သည်။
၎င်းသည် သင်၏ခန္ဓာကိုယ်၏ သဘာဝ ကုစားမှုဖြစ်စဥ်နှင့် ပြန်လည်ကောင်းမွန်လာရေးဖြစ်စဥ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အများစုအားဖြင့် သင် ပိုမိုကောင်းမွန်လာပါမည်။
စိတ်ဒဏ်သင့်မှုအပေါ် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ
သင်-
- စိတ်အာရုံစိုက်မှု သို့မဟုတ် အရာများကို မှတ်မိခြင်းနှင့်ပတ်သက်၍ အခက်အခဲရှိနိုင်သည်
- ဖြစ်ရပ်အကြောင်းကို သင် မလိုလားသောအချိန်အခါ၌ စဥ်းစားနိုင်သည်
- အခင်းဖြစ်ရပ်ကို စိတ်ကူးထဲ၌ အကြိမ်ကြိမ် ပြန်လည်မြင်ယောင်နေလျက်ရှိနိုင်သည်
- စိတ်ရှုပ်ထွေးနိုင်သည် သို့မဟုတ် လမ်းစပျောက်နေနိုင်သည်။
စိတ်ဒဏ်သင့်မှုအပေါ် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ
သင့် ခန္ဓာကိုယ်သည်-
- ပင်ပန်းနွမ်းနယ်နေနိုင်သည် သို့မဟုတ် မောပန်းနေနိုင်သည်
- အိပ်စက်ရန် အခက်အခဲရှိနိုင်သည်
- အော့အန်ချင်စဖွယ်ဖြစ်ခြင်း၊ အန်ခြင်း၊ မူးဝေခြင်းနှင့် ခေါင်းကိုက်ခြင်းများ ဖြစ်နေနိုင်သည်
- အလွန့်အလွန် ချွေးပြန်ခြင်း ဖြစ်နေနိုင်သည်
- သွေးခုန်နှုန်း မြန်နေခြင်း ဖြစ်နေနိုင်သည်။
စိတ်ဒဏ်သင့်မှုအပေါ် အပြုအမူဆိုင်ရာ တုံ့ပြန်မှုများ
သင်-
- အခင်းဖြစ်ရပ်ကို သတိပေးခံရခြင်းအား ရှောင်ရှားလိုနိုင်သည်
- ဖြစ်ပျက်ခဲ့သည့်အကြောင်းကို စဥ်းစားနေရင်း ပြောဆိုနေလိုနိုင်သည်
- နေ့စဥ် ပုံမှန် လုပ်နေကျအရာများလုပ်ခြင်းမှ ပြောင်းလဲလိုနိုင်သည် သို့မဟုတ် ရှောင်ထွက်လိုနိုင်သည်
- အလွန်များများ သို့မဟုတ် အလွန်နည်းနည်း စားသုံးလိုနိုင်သည်
- အရက် နှင့်/သို့မဟုတ် ကော်ဖီ များများသောက်လိုနိုင်သည်
- စီးကရက်သောက်လိုနိုင်သည်
- အိပ်ရန် ရှောင်ရှားလိုနိုင်သည်။
စိတ်ဒဏ်ရာဖြစ်ပြီးနောက် ပြန်လည်သက်သာပျောက်ကင်းနည်း
သင် သိုမဟုတ် အခြားသူများ၏ လုံခြုံရေး သို့မဟုတ် အသက်အန္တရာယ် ရှိသည့်မည်သည့်အရာမဆိုသည် သင့်အား စိတ်သောကရောက်မည်ဖြစ်သည်။ ၎င်းကို 'အရေးပေါ် အခြေအနေ' ဟုခေါ်ပြီး သင့်ခန္ဓာကိုယ်က ကျရောက်လာသည့်အန္တရာယ်ကို တန်ပြန်ရန်ကြိုးစားလာသည့် အချိန်အခါဖြစ်ပါသည်။ အန္တရာယ်မှလွတ်မြောက်ရေးကို အထောက်အကူပြုစေရန် အချိန်တိုတိုတောင်းတောင်းအတွင်း ကျွန်ုပ်တို့၏ ခန္ဓာကိုယ်များသည် ခွန်အားအမြောက်အမြား ထုတ်ပေးရန်ကြိုးစားကြပါသည်။
လူအများစုသည် 'အရေးပေါ်အခြေအနေ' အတိုင်းသာ အချိန်တိုအတောအတွင်း ဆက်လက်နေလျက်ရှိပါလိမ့်မည်။ သို့သော် သင့်အနေဖြင့် မမျှော်လင့်သော ကိစ္စရပ်များ ဖြစ်ပေါ်သည့်အခါ သို့မဟုတ် သင် နောက်တစ်ခါ စိတ်သောကရောက်သည့်အခါ 'အရေးပေါ်အခြေအနေ' သို့ပြန်ရောက်လာနိုင်သည်။ ၎င်းကြောင့် သင်သည် စိတ်ဒဏ်သင့်သည့် ဖြစ်ရပ်ပြီးဆုံးပြီးနောက်ပိုင်း မောပန်းကြောင်း ခံစားရနိုင်သည်။
သင့်ခန္ဓာကိုယ်အား ကုစားပေးရန်နှင့် ပြန်လည်ကောင်းမွန်လာစေရန် သင်သည် 'အရေးပေါ်အခြေအနေ' မှ ရုန်းထွက်ရန် သင်ကိုယ်တိုင် လုပ်ဆောင်ရန်လိုအပ်သည်။ ဤသို့ဖြင့် သင့်ခန္ဓာကိုယ်ကို ပုံမှန် ခွန်အားအဆင့်သို့ ပြန်လည်တည့်မတ်ပြီးပြန်ရရန် အထောက်အကူပြုသည်။ ဤသို့ဖြစ်လာရန် အခင်းဖြစ်ရပ်ဖြစ်ပွားပြီး သာမန်အားဖြင့် တစ်လနီးပါး သို့မဟုတ် တစ်လကျော်ကျော်လောက် အချိန်အတွင်းဖြစ်ပွားသည်။
ကုစားပေးရန်နှင့် ပြန်လည်ကောင်းမွန်လာရန် သင့်အား အထောက်အကူပြုစေနိုင်သည့် နည်းဗျူဟာ အမြောက်အမြားရှိပါသည်။ သင်-
- စိတ်သောကရောက်စေသော သို့မဟုတ် ကြောက်ရွံ့ရသော တွေ့ကြုံမှု ဖြတ်သန်းခဲ့ရသည်ကို သိရှိနိုင်သည်။ သင်၏တုံ့ပြန်မှုများမှာ ပုံမှန်ဖြစ်သည်
- မိမိကိုယ်တိုင်မဟုတ်သည်ကဲ့သို့ ခံစားရမည်ကို လက်ခံနိုင်သော်လည်း ၎င်းမှာ ပျောက်ကွယ်သွားပါလိမ့်မည်
- အရာကိစ္စများကို ပုံမှန်အတိုင်း မလုပ်နိုင်ပါက သင်ကိုယ်တိုင်ကို စိတ်မဆိုးရန် သို့မဟုတ် စိတ်မပျက်ရန်ကြိုးစားနိုင်သည်
- ရင်ဆိုင်ဖြေရှင်းရန်အတွက် အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဥ်နိုင်သည်
- ပြန်လည်၍ ပိုမိုကောင်းမွန်စွာခံစားလာသည့်တိုင် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်း သို့မဟုတ် ကြီးမားသော ဘဝပြောင်းလဲမှုများလုပ်ခြင်းကို ရှောင်ကြဥ်နိုင်သည်
- ပုံမှန်ဘဝသို့ ပြန်ရောက်ရန် အချိန်ယူ၍လုပ်ဆောင်နိုင်သည်
- သင့်အား ပံ့ပိုးကူညီပေးနိုင်ပြီးနားလည်နိုင်သူ တစ်စုံတစ်ဦးနှင့် စကားပြောဆိုနိုင်သည်
- ပုံမှန် လုပ်ရိုးလုပ်စဥ်အတိုင်း ဆက်လက်လုပ်နေနိုင်ပြီး အလုပ်များနေနိုင်သည်
- အချို့နေရာများ သို့မဟုတ် လုပ်စရာများကို ရှောင်ကြဥ်ရန် အလွန်အကျွံဖြစ်သွားခြင်းမဖြစ်စေရန် ကြိုးစားလုပ်နိုင်သည်
- အနားယူမည့်အချိန်ကို သီးသန့်ဖယ်ထားနိုင်သည်
- ပုံမှန်လေ့ကျင့်ခန်းလုပ်ရန်အတွက် အချိန်ကန့်သတ်ထားနိုင်သည်
- သီးသန့်နားချိန် သို့မဟုတ် တစ်စုံတစ်ယောက်နှင့်စကားပြောရန်ကဲ့သို့ သင့်လိုအပ်ချက်ကို အထောက်အကူပြုမည့်အရာအား သင့် မိသားစုနှင့် မိတ်ဆွေများအား ပြောပြထားနိုင်သည်
- ယောဂကျင့်စဥ်၊ အသက်ရှူလေ့ကျင့်ခန်း သို့မဟုတ် တရားထိုင်ခြင်းကဲ့သို့ သက်သောင့်သက်သာဖြစ်မည့် နည်းလမ်းများကို အသုံးပြုနိုင်သည် တေးသီချင်းနားထောင်ခြင်း သို့မဟုတ် ပန်းဥယျာဥ်စိုက်ပျိုးခြင်းကဲ့သို့ သင် နှစ်သက်မည့်အရာများကိုလည်း သင် လုပ်နိုင်ပါသည်
- စိတ်ခံစားချက်များကို သင် ခံစားနေရသည့်အတိုင်း ဖွင့်ဟပြောဆိုနိုင်သည်။ သင့်ခံစားချက်များအကြောင်း တစ်စုံတစ်ယောက်အား ပြောဆိုနိုင်သည် သို့မဟုတ် စာရေးချထားနိုင်သည်
- သင်၏ အမှတ်သညာများနှင့် ကြုံတွေ့မှုများကို ခံစားနေရသည့်အတိုင်း ခံယူလိုက်နိုင်သည်။ ၎င်းခံစားချက်များကို စဥ်းစားပါ၊ ယင်းနောက် ဘေးဖယ်ချထားလိုက်ပါ။ အကယ်၍ အခြား အမှတ်သညာများ သတိပြုလာပါက ၎င်းတို့ကို လက်ရှိ အခက်အခဲမှ သီးခြားဖယ်ရှားရန် ကြိုးစားပါ။
သင် အခက်အခဲရှိနေသေးပါက ပညာရှင် အကူအညီကို ရယူနိုင်ပါသည်
စိတ်ဒဏ်သင့်သော အခင်းဖြစ်ရပ်ကြောင့်ဖြစ်ပေါ်သည့် စိတ်သောကသည် ဆက်လက်၍ တည်ရှိနေနိုင်သည်။ အောက်ပါကိစ္စများ ခံစားနေရပါက သင် ပညာရှင်အကူအညီ တောင်းခံသင့်သည်-
- အခင်းဖြစ်ရပ်ဖြစ်ပွားပြီးနောက် တစ်လနီးပါး သို့မဟုတ် တစ်လကျော်ကျော် စိတ်သောက အလွန်ရောက်နေကြောင်း ခံစားနေရပါက
- ထုံနေသလို လစ်ဟာနေသလို ဆက်လက် ခံစားနေရပါက
- စိတ်သောကရောက်သည့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ဆက်လက်ပြသနေပါက
- ဆက်လက်၍ အိပ်စက်မရပါက သို့မဟုတ် အိပ်မက်ဆိုးများ မက်နေပါက
- သင့်ကြုံတွေ့မှုများကို သတိပေးသည့် တစ်စုံတစ်ရာကို ရှောင်ရှားရန် ကြိုးစားနေပါက
- သင့်ခံစားချက်ကို ဖွင့်ဟပြောပြနိုင်မည့်သူ သင့်တွင်မရှိပါက
- မိသားစုနှင့်မိတ်ဆွေများနှင့်ပေါင်းသင်းဆက်ဆံရေးများမှာ မပြေလည်ကြောင်း တွေ့ရှိပါက
- အာရုံထွေပြားနေပါက
- အရက် သို့မဟုတ် မူးယစ်ဆေးဝါး ပိုမိုသုံးစွဲနေပါက
- အလုပ် ပြန်မလုပ်နိုင်ပါက သို့မဟုတ် နေ့စဥ် လုပ်ငန်းတာဝန်များကို မစီမံနိုင်ပါက
- စိတ်ဒဏ်သင့်သော ကြုံတွေ့မှုကို ပြန်လည်အမှတ်ရနေပါက
- အချိန်တိုင်း ရင်ဖိုစိတ်လှုပ်ရှားနေပြီး အလွယ်တကူ စိတ်ချောက်ချားနိုင်ပါက
ဖြစ်ရပ်လွန်-စိတ်ဒဏ်သင့် စိတ်သောက မူမမှန်မှု (PTSD) အကြောင်း
စိတ်သောကရောက်စေသော အခင်းဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း အချို့လူများသည် ၎င်းတို့ တစ်လနီးပါး သို့မဟုတ် တစ်လကျော်ကျော် ပြန်လည်ကောင်းမွန် မလာကြောင်း တွေ့ရပါသည်။
ဤသို့သော တုံ့ပြန်မှုအမျိုးအစားသည် သင်၏ဘဝကို နည်းလမ်းမျိုးစုံဖြင့် သက်ရောက်မှုရှိနိုင်သည်။ ၎င်းကြောင့် သင့်မိသားစုနှင့် မိတ်ဆွေများနှင့်ပေါင်းသင်းဆက်ဆံရေးအပေါ် ပြောင်းလဲနိုင်သည် သို့မဟုတ် အလုပ်လုပ်ရန် ပိုမိုခက်ခဲနိုင်သည်။
၎င်းမှာ ဖြစ်ရပ်လွန် စိတ်ဒဏ်သင့် စိတ်ပျက်ရသည့် မူမမှန်မှု သို့မဟုတ် PDSD ဖြစ်နိုင်သည်။
အကယ်၍သင် PTSD ခံစားနေရနိုင်သည်ဟု ထင်မြင်ပါက သင် ကျန်းမာရေးပညာရှင်ထံမှ အကူအညီတောင်းခံသင့်သည်။
သင်၏ စိတ်ကျန်းမာရေး သို့မဟုတ် သင့်ချစ်ရသူ၏ စိတ်ကျန်းမာရေးကို စိုးရိမ်ရသည့်အချိန်တိုင်း Lifeline ဖုန်း ၁၃ ၁၁ ၁၄ကို ဆက်သွယ်ပါ။