အကျဥ်းချုပ်
Read the full fact sheet- သင့်ကလေး စိတ်သောကများ၊ ကြောက်ရွံ့စရာများမှ ပြန်လည်သက်သာလာရန် သင် ကူညီပေးနိုင်ပါသည်။ ထိုအဖြစ်အပျက်များတွင် အောက်ပါတို့ ပါဝင်နိုင်သည်- ယာဥ်တိုက်မှုများ တောမီးများနှင့် ရေကြီးမှုများ မိသားစုတွင်း ရုတ်တရက်ဖြစ်ပွားသည့် ရောဂါ သို့မဟုတ် သေဆုံးမှု ရာဇဝတ်မှု၊ မတော်မတရားပြုမှု သို့မဟုတ် အကြမ်းဖက်မှု
- ကလေးများ စောင့်ကြည့်နေသည်မှာ - ၎င်းအခက်အခဲကို သင်ကိုယ်တိုင် မည်သို့ဖြေရှင်းပုံ ကလေးများ၏ ခံစားမှုများနှင့်၊ ပြုမှုပုံအပေါ် သင်မည်သို့ တုံ့ပြန်ပုံ
- ဤအကြံပြုချက်များသည် ကလေးများ၏ကြုံတွေ့မှုအကြောင်း စကားပြောဆိုရာတွင် သင့်အား အထောက်အကူပြုနိုင်ပါသည်။ ကလေး အသက်အရွယ်အလိုက် နားလည်နိုင်သောနည်းဖြင့် ကလေးအား အမှန်အတိုင်းပြောပြရန် အရေးကြီးပါသည်။
- သင့်အနေဖြင့် ပညာရှင်အကူအညီကို အမြဲ တောင်းခံနိုင်ပါသည်။ အကူအညီ စတင်တောင်းခံရမည့်သူမှာ သင့်ဆရာဝန်ထံမှဖြစ်သည်။
On this page
စိတ်ဒဏ်သင့်မှုအပေါ် ကလေးများ တုံ့ပြန်ပုံ
စိတ်သောကများ၊ ကြောက်ရွံ့စရာများအပေါ် ကလေး၏တုံပြန်မှုမှာ အောက်ပါတို့အပေါ် မူတည်နိုင်ပါသည်-
- ကလေး၏ အသက်အရွယ်
- ကလေး၏ ပင်ကိုစရိုက်
- သင် သို့မဟုတ် မိသားစုက တုံ့ပြန်ပုံ
သင့်ကလေးသည် သင် မျှော်လင့်သလို မတုံ့ပြန်နိုင်ပါ။ ၎င်းတို့သည်-
- တစ်ယောက်တည်း ရှောင်ဖယ်၍နေလိုနိုင်သည်– ၎င်းတို့သည် လုပ်စရာများကို စိတ်ဝင်စားမှု လျော့ပါးသွားနိုင်သည်။ မိမိကိုယ်မိမိယုံကြည်မှုနည်းသွားခြင်း၊ တိတ်တဆိတ်နေလိုခြင်း၊ ငယ်စဉ်ဘဝအပြုအမူများ လုပ်လာခြင်းတို့လည်း ဖြစ်ပေါ်သွားနိုင်သည်။
- စိတ်ဖိစီးနေနိုင်သည်– ၎င်းတို့သည် ထိုအဖြစ်အပျက်ကို ပြန်လည်သတိရရန် လိုအပ်နိုင်သည်။ ဥပမာ- ထပ်ခါတလဲလဲ ပြန်ပြောပြခြင်း သို့မဟုတ် ပုံဆွဲပြခြင်းများမှတစ်ဆင့်။ နောင်ဖြစ်လာမည့် အဖြစ်အပျက်များကို ကြောက်ရွံ့နေနိုင်သည် သို့မဟုတ် အိပ်မက်ဆိုးများ မက်နေနိုင်သည်။
- စိတ်လှုပ်ရှားနေနိုင်သည် – ၎င်းတို့တွင် အာရုံစိုက်ရန် သို့မဟုတ် အာရုံပြုရန် အခက်အခဲများ ရှိနေနိုင်သည်။ ၎င်းတို့သည် သင်နှင့် အချိန်တိုင်းလိုလို နီးနီးကပ်ကပ် နေလိုသည်၊ အိပ်စက်ရန် အခက်အခဲများ ရှိနိုင်သည် သို့မဟုတ် အလွယ်တကူ စိတ်အနှောင့်အယှက် ဖြစ်နိုင်သည်။
- နေထိုင်မကောင်းဖြစ်နေနိုင်သည်– ၎င်းတို့ ခေါင်းကိုက်နေနိုင်သည်၊ ဗိုက်နာနေနိုင်သည်။
သင့်ကလေးတွင် တုံ့ပြန်မှု နှောင့်နှေးနေနိုင်သည်။ ကလေးအချို့သည် ကောင်းနေပုံရသော်လည်း၊ နေ့များစွာ သို့မဟုတ် လများစွာ ကြာမြှင့်ပြီးမှ တုံ့ပြန်လာနိုင်သည်။
စိတ်ဒဏ်သင့်မှု အဖြစ်အပျက်အကြောင်း ပြောဆိုနည်း
အကယ်၍ ကလေးအား သင် အမှန်အတိုင်းရိုးရိုးသားသား ပြောဆိုပါက ကလေးအဖို့ စိတ်သက်သာရစေပါမည်။ သင် လုပ်နိုင်သည်မှာ-
- ကလေးများ ဘေးကင်းလုံခြုံပြီး ထိုဖြစ်ရပ် ကျော်လွန်သွားပြီဖြစ်ကြောင်း သင့်ကလေးအား စိတ်ချနေရန်အားပေးပါ။ သင့်အနေဖြင့် ကြိမ်ဖန်များစွာ အားပေးရနိုင်သည်။
- သင့်ကလေးကို နားစိုက်ထောင်ပါ။ ကလေးများ၏ စိုးရိမ်ပူပန်မှုများနှင့် စိတ်ခံစားမှုများကို အလေးအနက်ခံယူပါ။
- သင် ၎င်းတို့ ခံစားနေရပုံကို ကြားသိလိုကြောင်း သင့်ကလေးအား အသိပေးပါ။
- ကလေးအသက်အရွယ်နှင့်လိုက်ဖက်သော နည်းလမ်းဖြင့် ဖြစ်ပျက်ခဲ့သည့်အကြောင်းကို ကလေးအား ပြောပြပါ။ ကလေးများနားလည်နိုင်သောစကားဖြင့် ပြောဆိုပါ။ သင့်ကလေးသည် အခြေခံအကြောင်းအချက်များကို နားမလည်ပါက၊ ဘာဖြစ်ပျက်ခဲ့သည်ကို သူတို့ဖာသာ သူတို့ကြိုးစား၍ ပုံဖော်နိုင်ပါသည်။ ၎င်းတို့သည် ထိုဖြစ်ပျက်ပုံကို ပုံဖော်ရန် သူတို့၏ စိတ်ကူး သို့မဟုတ် သတင်းအချက်အလက်အချို့ကို အသုံးပြုနိုင်သည်။ ထို့ကြောင့် သင့်ကလေးအဖို့ ပိုမို၍ စိတ်လှုပ်ရှားရနိုင်ပြီး စိတ်ရှုပ်ထွေးရနိုင်ပါသည်။
- ၎င်းကိစ္စမှာ သင့်ကလေး၏အပြစ် မဟုတ်ကြောင်း သင့်ကလေးအား အသိပေးဖြစ်အောင်ပေးပါ။ ကလေးများအနေဖြင့် ထိုဖြစ်ရပ်အား ၎င်းတို့က တစ်ဦးဦးအပေါ် ဆိုးခဲ့ခြင်းကြောင့် သို့မဟုတ် မကောင်းမြင်ခဲ့ခြင်းကြောင်းဟု ထင်မြင်ယူဆနိုင်သည်။
- ထိုဖြစ်ရပ်အကြောင်းကို မိသားစုအဖြစ်ဖြင့် ပြောဆိုပါ။ ကလေးများအပါအဝင် လူတိုင်းအား ပါဝင်ပြောဆိုခွင့် ပြုပါ။ ဤသို့ဖြင့် လူတိုင်းအား ပံ့ပိုးနေကြောင်း၊ နားထောင်နေကြောင်းနှင့် နားလည်ကြောင်း သိစေရန် အထောက်အကူပြုပါသည်။
- ထိုဖြစ်ရပ်အပေါ် လူများ၏တုံ့ပြန်ပုံအကြောင်းကို သင့်ကလေးနှင့်ပြောဆိုပါ။ ကလေးများ၏ ခံစားမှုများမှာ ဤအခြေအနေများတွင် ပုံမှန်ဖြစ်နေကျဖြစ်ကြောင်း ပြောပြပါ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့စိတ်ခံစားမှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ကလေးများအား စိတ်ချနေရန် သင် အားပေးနိုင်ပါသည်။
စိတ်ဒဏ်သင့်မှု ဖြစ်ရပ်ကို သင် တုံ့ပြန်နိုင်ပုံ
သင့်ကလေး၏ စိတ်ခံစားမှုများနှင့် ပြုမူပုံအပေါ် သင်၏ တုံ့ပြန်ပုံများသည် ၎င်းတို့၏ ပြန်လည်သက်သာလာစေရေးအပေါ် သက်ရောက်မှုရှိပါမည်။ အရေးကြီးသည်မှာ-
- ကလေးများ၏ ပြုမူပုံပြောင်းလဲချက်များနှင့်ပတ်သက်၍ နားလည်မှုရှိရန်ဖြစ်သည်။ ကလေးများသည် စိတ်သောကများ သို့မဟုတ် ကြောက်ရွံ့စရာများအပေါ် နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်ကြပါသည်။ စိတ်ဆိုးခြင်းများ သို့မဟုတ် အိပ်ယာထဲသေးပေါက်ခြင်းကဲ့သို့ အပြုအမူများသည် ပုံမှန်ဖြစ်ပါသည်။
- သင့်ကလေးအား အထူးဂရုစိုက်ပါ။ အိပ်ယာဝင်ချိန်နှင့် အခြားသောခွဲခွာနေချိန်များတွင် အရေးကြီးနိုင်ပါသည်။
- သင်ကိုယ်တိုင်အတွက် အကူအညီရယူပါ။ ခက်ခဲချိန်ကို နားလည်ရန်နှင့် ဖြေရှင်းရန်အတွက် ကလေးများသည် မိဘများ သို့မဟုတ် ကလေးထိန်းများကို အားထားကြပါသည်။ ၎င်းတို့၏ ကြောက်ရွံ့မှုများကိုနားလည်ရန်နှင့် နှစ်သိမ့်ပေးရန်အတွက် ၎င်းတို့အနီး၌လူကြီးများရှိနေရန် လိုအပ်ပါသည်။ အကယ်၍ သင် စိတ်သောကဖြစ်နေပါက သင်လည်း ပံ့ပိုးမှု ရယူနိုင်ပါသည်။ အကယ်၍ သင် မရယူပါက ၎င်းကြောင့် သင့်ကလေး ပို၍ကြောက်ရွံ့လာနိုင်ပြီး ပို၍စိတ်သောကရောက်လာနိုင်သည်။
- သင်၏ စိတ်ခံစားမှုများကို သင့်ကလေးအား သင့်တော်သောနည်းလမ်းဖြင့် ပြောပြပါ။ သို့မှသာ သူတို့၏ စိတ်ခံစားမှုများကို ပြောပြရန် အထောက်အကူပြုနိုင်သည်။
- လူတိုင်းသည် ကွဲပြားခြားနားပြီး ခံစားမှုမျိုးစုံရှိနိုင်သည်ကို သတိပြုပါ။ သင် ခံစားနေရသလို သင့်ကလေး ခံစားနေရနိုင်သည်ဟု မမျှော်လင့်ပါနှင့်။
- သင့်ကလေးအား သူတို့၏ဘဝကို သူတို့ဖြတ်သန်းနိုင်စွမ်းရှိသည်ဟု ယုံကြည်ပါစေ။ အသေးအဖွဲ ဆုံးဖြတ်ချက်ချမှတ်ခြင်းများကပင် ၎င်းတို့အဖို့ မိမိကိုယ်မိမိထိန်းချုပ်နိုင်စွမ်း ပိုမိုရှိစေနိုင်ပါသည်။ ၎င်းမှာ အကျပ်အတည်းများ အကြီးအကျယ်ဖြစ်ပွားပြီးနောက်ပိုင်း အထူးအရေးကြီးပါသည်။ ခိုကိုးရာမဲ့ကလေးများသည် စိတ်သောက ပိုမိုကြုံတွေ့နိုင်သည်။
- သင့်ကလေးအား အလွန်အကျွံ ထိန်းချုပ်မထားပါနှင့်။ အကျပ်အတည်းဖြစ်ပြီးနောက်ပိုင်း သင့်အဖို့ သင့်မိသားစုနှင့် နီးနီးကပ်ကပ်ထားလိုသည်မှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် ကလေးများအနေဖြင့် ၎င်းတို့မှာ လုံခြုံဘေးကင်းရာနေရာ၌ရှိနေကြောင်း သိနေစေရန် အရေးကြီးပါသည်။
စိတ်ဒဏ်သင့်မှု အဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း မိသားစု လုပ်ရိုးလုပ်စဥ်များ
အရေးကြီးသည်မှာ-
- တတ်နိုင်သမျှ သင်၏ ပုံမှန်လုပ်ရိုးလုပ်စဥ်များကို ဆက်လုပ်ပါ။ ဤသို့ဖြင့် ကလေးများအဖို့ စိတ်အေးလက်အေး ဖြစ်စေပါသည်။
- သင့်ကလေး သူတို့၏ ပုံမှန်လုပ်ရိုးလုပ်စဥ်များကို မလုပ်နိုင်ပါက သင့်ကလေးအား စိတ်ချနေအောင်အားပေးပါ။ ပုံမှန်လုပ်ရိုးလုပ်စဥ်များတွင် ကျောင်းတက်ခြင်း သို့မဟုတ် အိမ်မှုကိစ္စလုပ်ခြင်းတို့ ပါဝင်နိုင်ပါသည်။
- လုပ်ရိုးလုပ်စဥ်အသစ်၊ တာဝန်သစ်များ သို့မဟုတ် ၎င်းတို့၏အပြုအမူအတွက် မျော်လင့်ရမည့်အရာအသစ်များ ကဲ့သို့သော ပြောင်းလဲချက်များ သတ်မှတ်ပေးခြင်းကို ရှောင်ကြဉ်ပါ။
- အိမ်ရှိလူကြီးအဖြစ် သင်၏အရိုက်အရာကို ထိန်းသိမ်းထားပါ။ သင် ခက်ခဲနေပါက အကူအညီအတွက် သင့်ကလေးထံမှ မတောင်းရန် အရေးကြီးပါသည်။
သင့်ကလေး ပြန်လည်သက်သာရန် ကူညီနည်း
အရေးကြီးသည်မှာ-
- သင့်ကလေးအား ကစားချိန် များများပေးပါ။ ၎င်းတို့မှာ အားကစား၊ သူငယ်ချင်းများနှင့် သူတို့အကြိုက် ကစားပွဲများနှင့် လုပ်စရာများတို့ ဖြစ်နိုင်ပါသည်။
- ပျော်ရွှင်စရာအချိန် ပေးပါ။ ရယ်စရာ၊ ပျော်ရွှင်စရာ၊ အတူဝေမျှရသည့်ကြည်နူးစရာ အချိန်များသည် မိသားစုအတွက် စိတ်ပိုမိုကောင်းမွန်စွာခံစားရရန် အထောက်အကူပြုနိုင်ပါသည်။
- သင့်ကလေး စားသောက်လိုစိတ် ပြောင်းလဲနိုင်သည်ကို သတိပြုပါ။ အစာစားချိန်၌ ကလေးများ စားသောက်လိုစိတ်မရှိပါက၊ ပုံမှန်အဆာပြေ စားစရာများကို တနေကုန် ကျွေးပါ။
- သင့်ကလေး နားချိန်နှင့် အိပ်ချိန် လုံလောက်စွာ ရပါစေ။
- ကလေးများအား ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန် ကူညီပေးပါ။ ဤသို့ဖြင့် သင့်ကလေး၏ စိတ်သောကကို သက်သာစေမည်ဖြစ်ပြီး အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေပါမည်။
- သကြား၊ ရောင်စုံသီးနှံစားစရာများနှင့် ချော့ကလက်များကို ကန့်သတ်ပါ။
- ရုပ်ပိုင်းဆိုင်ရာအရ သက်သောင့်သက်သာဖြစ်ရန် သင့်ကလေးအား ကူညီပါ။ ၎င်းမှာ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ နှိပ်နယ်ပေးခြင်း၊ ပုံပြောခြင်းနှင့် ပွေ့ဖက်ပေးခြင်းများ လုပ်ပေးနိုင်သည်။
- သင့်ကလေးအား ဝမ်းနည်းစေသော သို့မဟုတ် စိတ်လှုပ်ရှားစေသော လုပ်စရာကို ပြောင်းလဲပေးပါ။ ဥပမာ သင့်ကလေး စိုးရိမ်စေသည့် သို့မဟုတ် ကြောက်ရွံ့စေသည့် ရုပ်မြင်သံကြားဇာတ်လမ်း။
သင်၏ စိတ်ကျန်းမာရေး သို့မဟုတ် သင့်ချစ်ရသူ၏ စိတ်ကျန်းမာရေးကို စိုးရိမ်ရသည့်အချိန်တိုင်း Lifeline ဖုန်း ၁၃ ၁၁ ၁၄ကို ဆက်သွယ်ပါ။
အကူအညီ ရမည့်နေရာများ
- သင်၏ GP (ဆရာဝန်)
- မိခင်နှင့်ကလေး ကျန်းမာရေး သူနာပြု
- ဒေသခံ ရပ်ကျေး ကျန်းမာရေးဌာန
- ကလေးအထူးကု ဆရာဝန် သို့မဟုတ် ဆယ်ကျော်သက်ရွယ် စိတ်ရောဂါအထူးကုဆရာဝန် – သင့်ဆရာဝန်က သင့်အား လွှဲပို့ပေးနိုင်သည်။
- ဖြစ်ရပ်လွန်-စိတ်ဒဏ်သင့်သော စိတ်ကျန်းမာရေးအတွက် Phoenix Australia Centreဖုန်း (03) 9035 5599
- Centre for Grief and Bereavementဖုန်း 1800 642 066
အောက်ပါတို့မှလည်း သင် အကြံဉာဏ်ရယူနိုင်သည်-
- Lifeline ဖုန်း 13 11 14
- GriefLine ဖုန်း 1300 845 745
- beyondblue ဖုန်း 1300 22 4636
- Kids Helpline ဖုန်း 1800 55 1800
- NURSE-ON-CALL ဖုန်း 1300 60 60 24 – ကျွမ်းကျင်သူ ကျန်းမာရေးအကြောင်းအချက်အလက်နှင့် အကြံဉာဏ် (၂၄ နာရီ ၇ ရက်) အတွက်ဖြစ်သည်
- သြစတြေးလျ ကလေးအုပ်ထိန်းမှု ဝက်ဘ်ဆိုက် – raisingchildren.net.au